Local News

ဧည့်မထဆန်(သစ်)၊ ပေါ်ဆန်းမွှေးဆန်နှင့် ဖွဲနုဈေးများ တည်ငြိမ်ပြီး ဧည့်မထဆန်(ဟောင်း) နှင့် ဆန်ကွဲB(2,3,4)ဈေးများမြင့်တက်ကာ ဆန်ကွဲB(1,2)ဈေးကျဆင်းလျက်ရှိ

Last Updated:

ပဲခူးတိုင်းဒေသကြီးအနေဖြင့် ဆန်မျိုးစုံရောင်းဝယ်မှုအပိုင်းကဏ္ဍတွင် ကုန်ကြမ်းအနည်းအများ၊ ရန်ကုန်ဝယ်လက်နှင့် သုံးစွဲသူတို့၏  ဝယ်လိုအားအနည်းအများအပေါ်တွင် မူတည်၍ ဆန်နှင့်ဆန်ကွဲ၊ ဖွဲနုဈေးများ အတက်အကျ ဖြစ်ပေါ်လျက်ရှိပါသည်။

ပဲခူးကုန်စည်ဒိုင်အနေဖြင့် (၁၇.၁၀.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန် (မနောသုခ)(ဟောင်း) တစ်အိတ် ၆၀၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၅၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန် တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၅၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၀၀၀ဝ ကျပ်နှင့် ဖွဲနုတစ်အိတ် ၂၂၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ (၂၄.၁၀.၂၀၂၅)ရက်နေ့တွင် ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၆၅၀၀၀ကျပ်၊ ဧည့်မထဆန်(မနောသုခ)(သစ်)တစ်အိတ် ၄၅၀၀ဝကျပ် ၊ပေါ်ဆန်းမွှေးဆန်တစ်အိတ် ၁၁၀၀၀ဝကျပ်၊ ဆန်ကွဲB(1,2)တစ်အိတ် ၄၃၀၀ဝကျပ်၊ ဆန်ကွဲB(2,3,4)တစ်အိတ် ၄၂၀၀ဝကျပ်နှင့် ဖွဲနုတစ်အိတ် ၂၂၈၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

ယခုတစ်ပတ်ကာလတူနှိုင်းယှဉ်ချက်အရ ဧည့်မထဆန်(မနောသုခ)(ဟောင်း)တစ်အိတ် ၅၀၀၀ ကျပ်နှင့်  ဆန်ကွဲB(2,3,4)တစ်အိတ် ၂၀၀ဝကျပ် ဈေးများမြင့်တက်၍ ဆန်ကွဲB(1,2)တစ်အိတ် ၂၀၀ဝကျပ် ဈေးကျကာ ဧည့်မထဆန်(မနောသုခ)(သစ်)၊ ပေါ်ဆန်းမွှေးဆန် နှင့်ဖွဲနုဈေးများ တည်ငြိမ်လျက်ရှိပါ သည်။ ဧည့်မထဆန်(မနောသုခ)(ဟောင်း)နှင့် ဆန်ကွဲB(2,3,4) ဈေးမြင့်တက်သွားခြင်းမှာ ကုန်ကြမ်း နည်းပြီး ဝယ်လိုအားများခြင်းကြောင့် ဈေးမြင့်တက်သွားခြင်းဖြစ်ပြီး ဆန်ကွဲB(1,2) ဈေးကျဆင်းသွား ခြင်းမှာ ကုန်ကြမ်းများပြီး ဝယ်လိုအားနည်းခြင်းကြောင့် ဈေးကျဆင်းသွားခြင်းဖြစ်ပါကြောင်း ပဲခူး ကုန်စည်ဒိုင်ဉက္ကဌထံမှ သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

Category: Local News